တောင်တွင်းကြီး နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားနေ့အကြောင်း သိရှိစေရန်နှင့် ကျောင်းသင်ခန်းစာများအပြင်၊ စာပေလေ့လာဖတ်ရှုခြင်း အလေ့အထများဖြစ်စေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြန်ကြားရေးနှင်ပြန်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း ပိုမိုသိရှိပြီး ငယ်ရွယ်စဉ်အခါကပင် စာအုပ်၊ စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေကာ ဘဝတစ်လျှောက်လုံး အောင်မြင်မှုများရရှိကြစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာများဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ ဦးအောင်သက်(တောင်တွင်းအောင်သက်ဦး)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်တိုက အမှတ်ပေးဒိုင်များအဖြစ်ဆောင်ရွက်ခဲ့ပြီး ဆုရရှိသူများအား အခမ်းအနားဖြင့် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)