နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး တပ်ကုန်းမြို့နယ် မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲတော် လှူဖွယ်ပစ္စည်း တန်ဖိုးငွေကျပ် ၁၄၁၉ သိန်းကျော် ရေစက်ချလှူဒါန်းပွဲ အခမ်းအနား တက်ရောက်

တပ်ကုန်း နိုဝင်ဘာ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် (၅၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲတော် လှူဖွယ်ပစ္စည်းတန်ဖိုးငွေကျပ် ၁၄၁၉ သိန်းကျော် ရေစက်ချလှူဒါန်းခြင်းနှင့် ဆရာတော်များ ဆွမ်း၊ ဘောဇဉ်ဆက်ကပ်လှူဒါန်းအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက  မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပသည်။

ရှေးဦးစွာ အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီအရှင်သူမြတ်အမှူးပြုသည့် အထူးပင့်ဆရာတော်များ၊ ကထိန်အာနိသင်ရကျောင်းတိုက်မှ ဆရာတော်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးမင်းခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓဇောတိက၊ ဘဒ္ဒန္တစန္ဒသိရီက သာရဏီရဩဝါဒကထာချီးမြှင့်ခြင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက သာသနာရေးဆိုင်ရာများလျှောက်တင်ခြင်း၊ မဟာဘုံကထိန်ပဒေသာပင်စုပုံလှူဒါန်းရေးဦးစီးကော်မတီလုပ်ငန်းဥက္ကဋ္ဌ ဦးဇော်လွင်က ပဒေသာပင်ခွဲဝေမဲချလှူဒါန်းရေးနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်တင်ခဲ့ပြီးနောက် ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တဦးဇ္ဇောတကထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက အထူးပင့်ဆရာတော်ကြီးများနှင့် ကထိန်အာနိသင်ရကျောင်းများမှ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ကထိန်အာနိသင်ရကျောင်းများ၏ ကိုယ်စား အလှည့်ကျဆရာတော် ကြိုးကြာအင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဘဒ္ဒန္တဦးယုဘန္ဒက လှူဒါန်းမှုအစုစုအား ရေစက်ချအနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

တပ်ကုန်းမြို့နယ် (၅၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲတော်တွင် ပဒေသာပင်ပစ္စည်းများလှူဒါန်းရာ တာဝန်ရှိသူများက အထူးပင်ဆရာတော်များနှင့် ကထိန်အာနိသင်ရ ကျောင်းဆရာတော်များအား ပဒေသာပင်ပေါင်း ၁၅၇ခု၊ တန်ဖိုးငွေစုစုပေါင်း ၁၄၁၉၇၉၇၆၀ ကျပ်ကို မဲနှိုက်၍ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)