သတင်းများ

မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 30,2023
 မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဆတ်မြို့၌ သတင်းဗီဒီယိုတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်
Nov 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၉)နာရီခွဲက Mobile Phone ဖြင့် သတင်းဗီဒီယိုတည်းဖြတ်ခြင်း သင်တန်းဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ တိရစ္ဆာန်‌ကောင်ရေစာရင်း မြေပြင်ကောက်ယူခြင်းလုပ်ငန်းကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်
Nov 30,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ အသားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံကိန်းကဏာန်းများ မှန်ကန်ရေးသည် လွန်စွာအရေးပါသဖြင့်လုပ်ငန်းများအောင်မြင်ရေးအတွက် တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှုစာရင်း အတည်ပြုထုတ်ပြန်ရန်၊ တိရစ္ဆာန်ကောင်ရေတိုးပွားမှုစံနှုန်းများ သုံးသပ်ပြင်ဆင်နိုင်ရေးအတွက် အိမ်မွေးတိရစ္ဆာန်‌စာရင်းကောက်ယူခြင်း၊ စီးပွားဖြစ်မွေးမြူသည့်လုပ်ငန်းများ စာရင်းကောက်ယူလုပ်ငန်းကို ဓနုဒေသမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်ထွေး ဦးဆောင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၄၉၃ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Nov 30,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
မြို့သစ်မြို့နယ်တွင် (Refractive Error) ရှိသော ကျောင်းသား၊ ကျောင်းသူများအား (အခမဲ့) မျက်မှန်တပ်ဆင်ပေး
Nov 30,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) အကြို လှုပ်ရှားမှုအဖြစ် “လူတိုင်းသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့ ” ဆောင်ပုဒ်နှင့်အညီ မြို့သစ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အလှူရှင်များပူး ပေါင်း၍ အခြေခံပညာကျောင်းများမှ (Refractive Error) ရှိသော ကျောင်းသား၊ ကျောင်းသူများအား မျက်မှန်တပ်ဆင်ပေးခြင်း အစီအစဉ်ကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့တွင် ရောက်ရှိနေသည့် လွိုင်ကော်မြို့ စိန်မာတင်ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာမှတိုက်ပွဲ‌ရှောင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် စားရိက္ခာများ ထောက်ပံ့ပေးအပ်
Nov 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ဟိုခိုက်ကျေးရွာဘုရားရှိခိုးကျောင်းတွင် ရောက်ရှိနေသည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် နာနတ်တောရပ်ကွက် စိန်မာတင်ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာမှ တိုက်ပွဲ‌ရှောင် သက်ကြီးဘိုး/ဘွား ၂၇ ဦးနှင့် သီလရှင်များ၊ ပြုစုစောင့်ရှောက်သူများ၊ ကလေးငယ်များစုစုပေါင်း ၄၂ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ စာရိက္ခာများထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ဟိုခိုက်ကျေးရွာ ယာယီနားခိုဆောင်တွင် ပြုလုပ်ဆောင်ရွက်ပေးပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
Nov 30,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရေတာရှည်မြို့နယ်၌တောင်ငူအထွေထွေရောဂါကုဆေးရုံကြီးမှအထူးကုဆရာဝန်ကြီးများနယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်
Nov 30,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ခုတင်(၂၅)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ တောင်ငူအထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ပြည်သူများဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၈)နာရီအချိန်မှ စတင်ကာမြို့နယ် ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။