ဆီဆိုင် နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသောအဖွဲ့များအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်ပေးနေသောအဖွဲ့များအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆန်(၂၄)ပြည်ပါ(၁၁၁)အိတ်တို့ကို ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသောအဖွဲ့များထံသို့ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသောအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)