သတင်းများ

မြစ်ကြီးနားမြို့ရှိ ကချင်ရိုးရာ အသင့်စား အသားခြောက်အမျိုးမျိုး ထုတ်လုပ်နေသည့် (MSME) လုပ်ငန်း
Dec 01,2023
မြန်မာပြည်မြောက်ဖျားရှိ ကချင်ပြည်နယ်သည် ထူးခြားထင်ရှားသည့် နယ်မြေဒေသ တစ်ခုဖြစ်သလို သဘာဝသယံဇာတ အရင်းအမြစ်များ ပေါများကြွယ်ဝလှသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။ အထင်ကရထင်ရှားလှသည့် လေ့လာလည်ပတ်စရာကောင်းသည့် ရေခဲတောင်ဒေသ နှင့်အတူ နေရာများစွာရှိသလို ဒေသထွက်အဝတ်အထည်များ၊ အလှဆင်လက်ဝတ်ရတနာများ၊ ဒေသအစားအစာများလည်း အပါအဝင်ဖြစ်ပါသည်။
ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Dec 01,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အသိပညာပေးအခမ်းအနား ကျင်းပ
Dec 01,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်(၁၀:၃၀)အချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အသိပညာပေးအခမ်းအနား ကျင်းပခဲ့သည်။
မြိတ်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မအခြေပြု အကြမ်းဖက်မှု (GBV)အသိပညာပေးဟောပြောပွဲ ကျင်းပ
Dec 01,2023
မြိတ်ခရိုင်၊ မြိတ်မြို့တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် ကျား၊ မအခြေပြုအကြမ်းဖက်မှု(GBV)အသိပညာပေးဟောပြောပွဲကို မြိတ်မြို့ အ-ထ-က(၂) အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ
Dec 01,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်းရန်ပုံငွေ‌လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ခိုလမ်မြို့၊ မူလွန်(ဝမ်ဗွီး)ကျောင်းတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကျင်းပ
Dec 01,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့မွန်းလွဲ(၂)နာရီခွဲအချိန်က (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အမှတ် (၁) ၌ လူငယ်စကားဝိုင်းကျင်းပ
Dec 01,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် (၉) နာရီ၌ အမှတ် (၂) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၁) အားကစားခန်းမ၌ လူငယ်စကားဝိုင်းကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံဘောလုံး၊ ဘော်လီဘော အားကစားသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Dec 01,2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးဖွင့်လှစ်သည့် အခြေခံဘောလုံး၊ ဘော်လီဘောအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀) နာရီအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကေသရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။