သန်လျင်၌ သဘာဝဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၁

ကျောင်းသားကျောင်းသူလူငယ်များ သဘာဝဘေးအန္တရာယ်ကိုသိရှိပြီး ကြိုတင်ကာကွယ်ရေး အသိပညာပေးနိုင်ရန် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်(Kaeru Caravan)ကို ယမန်နေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ရှိ သန်လျင်ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။

ဦးစွာခရိုင်မီးသတ်ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူးဦးကျော်လွင်ဦးက အခမ်းအနားကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ယင်းနောက်လာရောက်လေ့လာသော TTEC ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူဦးညီပေါက်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယနေ့အခမ်းအနားတွင် သဘာဝဘေးအန္တရာယ်လျှော့ချရေးလှုပ်ရှားမှုဂိမ်းကစားနည်း ၉ မျိုးအား ကျောင်းသားကျောင်းသူများက ပါဝင်ဆင်နွှဲကြသည်။ ဆက်လက်၍ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး မီးငြှိမ်းသတ်ယာဉ်များ၊ စက်ကရိယာများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများကို ကျောင်းသားကျောင်းသူများကလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသ၍ လက်တွေ့သရုပ်ပြသပေးကြသည်။

အဆိုပါအခမ်းအနားသို့ သန်လျင်မြို့ရှိ TTEC ကိုယ်ပိုင်အထက်တန်းကျောင်းမှကြီးကြပ်သူ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူ(၁၅၀)ဦးတို့ တက်ရောက်ကြကြောင်းသိရသည်။

ခရိုင် (ပြန်ဆက်)