လှည်းကူး ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ် မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို နိုဝင်ဘာလ(၆)ရက်နေ့မှ စတင်၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၉ နာရီက သင်တန်းဆင်းပွဲကို အဆိုပါဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းတွင် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့် လက်တွဲကာ ပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းကို နိုဝင်ဘာလ(၆)ရက်နေ့မှ နိုဝင်ဘာလ (၃၀)ရက်နေ့အထိ ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသို့ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး တက်ရောက်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းလွင်ဦး က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်မင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုလွင်တို့က သင်တန်းဆင်းလက်မှတ်များ၊ မီးငြှိမ်းသတ်ရေးဝတ်စုံနှင့် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများကို သင်တန်းသားများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)