မိုင်းယောင်းမြို့တွင် ရုံးသန့်ရှင်းသာယာလှပရေး ဆောင်ရွက်
Dec 01,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သန့်ရှင်းသာယာလှပသော ရုံး၊ ဌာနဖြစ်စေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုနှင့်အတူ အပတ်စဉ် သောကြာနေ့တိုင်း မိမိတို့၏ ရုံးဌာနများ၌ သန့်ရှင်းရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက်လျက်ရှိသည်။