ချောင်းဆုံ ဒီဇင်ဘာ ၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်များကျရောက်ပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်နိုင်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားရာ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့်တာဝန်များကို စွမ်းရည်ပြည့်ဝစွာပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် လိုအပ်ပါက လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ကူညီဆောင်ရွက်ပေးစေလိုကြောင်း သင်တန်းသားများကလည်း ရပ်ကျိုးရွာကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ပေးသွားမယ်လို့ ယုံကြည်မိပါကြောင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့သည်။
အဆိုပါ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ပြီး လေ့ကျင့်ရေးသင်တန်းကာလကို နိုဝင်ဘာ(၆)ရက်နေ့မှ ဒီဇင်ဘာ(၁)ရက်နေ့အထိ(၄)ပတ်ကြာသင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)