မကွေးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေး ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးရှိ ပါမောက္ခဦးလှအောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၊ အဖွဲ့ခေါင်းဆောင် မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည့် လုပ်ငန်းစဉ်များပါဝင်ရာ တရားဥပဒေစိုးမိုးရေးသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေသည်ကို တွေ့နိုင်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းအဖွဲ့ခွဲ၏ ဆောင်ရွက်ချက်များကို အများပြည်သူများ သိရှိနိုင်စေရေးအတွက် ဥပဒေအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ နစ်နာမှုများနှင့်ပတ်သက်သည့် တိုင်စာများကိုလည်း ပေါင်းစပ် အကြံပြုဆွေးနွေးပြီး ပြန်ကြားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)