သတင်းများ

ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အုပ်စု၊ သာဂလကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်
Dec 04,2023
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်အုပ်စု၊ သာဂလကျေးရွာရှိ အုပ်ချုပ်ရေးမှူးနေအိမ်၌ နေပြည်တော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်း‌လျော်ရည်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။ 
ကျောက်ကြီးမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်
Dec 04,2023
ကလေးငယ်များစာဖတ်စွမ်းရည် တိုးတက်မြင့်မားလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေနှင့်ရင်းနှီးပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရုံး ဦးစီးမှူးနှင့် ဝန်ထမ်းများက ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Dec 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့တွင် Sunday Dhamma School ယဥ်ကျေးလိမ္မာသင်တန်း အခန်းဆုံးစာမေးပွဲကို (မြန်မာ၊ရှမ်း) နှစ်ဘာသာဖြင့် ​ဖြေဆိုလျက်ရှိ
Dec 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားလူငယ်ဗုဒ္ဓဘာသာဝင်များ၏ Sunday Dhamma School ယဥ်ကျေးလိမ္မာ သင်တန်း အခန်းဆုံးစာမေးပွဲကို (မြန်မာ၊ ရှမ်း) နှစ်ဘာသာဖြင့် ယမန်နေ့ နံနက် (၉) နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။
ကြို့ပင်ကောက်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်
Dec 04,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်ကပြုလုပ်ခဲ့ကြာင်း သိရသည်။
နတ်တလင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်လှစ်
Dec 04,2023
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မီးသတ်ပညာရပ်၊ အသက်ကယ်နည်းစနစ်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ပိုမိုသိရှိနားလည်ပြီး လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး  အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်ကြာဖက်များ အခမဲ့ဖြန့်ဝေခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 04,2023
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မြို့မစည်ပင်သာယာစျေးကြီးအတွင်းအပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရေး ပလတ်စတစ်မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ထားရှိမှုကို ပြည်သူများ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊  ကြာဖက်၊  အင်ဖက်နှင့်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်ကြာဖက်များ အခမဲ့ဖြန့်ဝေခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အမ်းမြို့ အ-ထ-က(၁)၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Dec 04,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၁)နာရီအချိန်က အ-ထ-က(၁) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။