အမ်းမြို့ အ-ထ-က(၁)၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

အမ်း  ဒီဇင်ဘာ ၄

ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၁)နာရီအချိန်က အ-ထ-က(၁) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် အထက(၁)မှ ‌ကျောင်းအုပ်ဆရာ ကြီး ဦးဝင်းနိုင်စိုးက ကျောင်းသား၊ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့နှင်ပတ်သက်သည့်အကြောင်းအရာများ၊ ၂၀၂၃ခုနှစ် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းအဆင့် အလယ် တန်းအဆင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်များ စည်းကမ်းချက်များကိုရှင်လင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဦးစန်းဝင်းက ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို)အသိ ပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အမျိုးသားအောင်ပွဲနေ့သမိုင်း ဖြစ်ပေါ်လာပုံ၊ အမျိုးသားညီညွတ်ရေးဆိုသည်မှာ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်၊ အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက် စသည့်အကြောင်းအရာများအား  အကျယ်တဝင့်ရှင်းလင်း ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင် ကို ဖြန့်ဝေပေးခဲ့ပြီး  (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ် စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် အလယ်တန်းအဆင့် မူလတန်းအဆင့် စာစီ စာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲများအား ကျောင်းသား၊ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)