သတင်းများ

မင်းလှမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲ ကျင်းပ
Dec 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲက ပေတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့် ကျပန်းပြိုင်ပွဲများ ကျင်းပ
Dec 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့် ကျပန်းပြိုင်ပွဲများကို ယနေ့နံနက်ပိုင်း ၉ နာရီက မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
မင်းလှမြို့တွင် မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Dec 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၈)နာရီခွဲက မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်၌ ပြည်သူများသို့ စားသုံးဆီ(၁)ပိဿာ လျှင်(၅၂၀၀)ကျပ်နှုန်းဖြင့် ဆက်လက် ရောင်းချပေး
Dec 04,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသို့ ယမန်နေ့ညနေပိုင်းက အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းမပေါ်၌ စုရပ်ထားရှိကာပြည်သူများသို့  စားသုံးဆီများ လက်လီရောင်းချပေးခဲ့ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုအား ကြည့်ရှု
Dec 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို သီရိမင်္ဂလာရွှေ ချမ်းသာမွေတော်ဘုရားကြီးရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် စာဖတ်ဝိုင်း ကျင်းပ
Dec 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ  ရရှိစေရန်ရည်ရွယ်၍  စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ   စာရေးဆရာ  ဒေါက်တာ ခင်မောင်ညို ရေးသားထားသည့် “မှတ်ဉာဏ်ရင့်သန်စေဖို့” စာအုပ်ကို ယမန်နေ့က အဆိုပါ ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျင်းပခဲ့သည်။
ဆီဆိုင်မြို့နယ်၌ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေး
Dec 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးသည်။
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့်အဖွဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)သို့ ကြည့်ရှုစစ်ဆေးပြီး အရိုးရောဂါအထူးကုဆေးရုံကြီးရှိ ဆေးရုံတက်လူနာများအား ကြည့်ရှုအားပေးစကားပြောကြား
Dec 04,2023
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ Dr. အေးထွန်းသည် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် Dr. တင်ထွန်းလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက မန္တလေး၊ချမ်းမြသာစည်မြို့နယ်ရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်- မန္တလေးသို့ ရောက်ရှိရာ ပါမောက္ခချုပ် ဒေါက်တာ ကျော်သီဟနှင့် ပါမောက္ခ၊ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် တွေ့ဆုံ၍ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေးအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ်ရှိ သွားနှင့်ခံတွင်း လူနာများအား နေ့စဥ်ကုသပေးလျက်ရှိသော ဌာနများကို လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။