ကြို့ပင်ကောက် ဒီဇင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်ကပြုလုပ်ခဲ့ကြာင်း သိရသည်။
အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက သင်တန်းမှပို့ချသော စာတွေ့လက်တွေ့ သင်ခန်းစာများအား မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးသတ်ပညာရပ်၊ အသက်ကယ်နည်းစနစ်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ပိုမိုသိရှိနားလည်ပြီး လျင်မြန်ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းအမှာစကား ပြောကြားပြီးသင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းတွင် မီးငြှိမ်းသတ်နည်းများ၊ ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များ၊ B A SET အသုံးပြုနည်း၊ ရှာဖွေကယ်ဆယ်ပစ္စည်းများအသုံးပြုနည်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမင်းနိုင်နှင့် ဒုတိယမီးသတ်ဦးစီးမှူးတို့မှ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ဒီဇင်ဘာလ ၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား(၅၀)ဦး တက်ရောက်လျက်ရှိကြောင်း ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)