သတင်းများ

နားမကြားသောကလေးများကျောင်း (ရန်ကုန်)တွင် လက်သင်္ကေတပြဘာသာစကား အသိပညာပေးသင်တန်းဖွင့်လှစ်
Dec 04,2023
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများအနေဖြင့် လက်သင်္ကေတပြဘာသာစကားကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် အကြားအာရုံချိုတဲ့သူများ၏ သဘာဝကိုနားလည်ပြီး တတ်နိုင်သမျှကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်စေရန်အတွက် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာန၏စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အိုးစု(၃)လမ်းရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်)တွင် လက်သင်္ကေတပြဘာသာစကား အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးမြို့၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးငယ်များ လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး
Dec 04,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် မွေးစမှ အသက် (၂) အောက်ကလေးငယ်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထိုးနှံပေးခဲ့သည်။
ရပ်စောက်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ်အနေဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Dec 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် လူထုအခြေပြုရုံး၌ ယနေ့ နံနက် ၉ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ်အဖြစ် “အမျိုးသားအောင်ပွဲနေ့ ဒို့မမေ့” ဟူသောခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ကျင်းပခဲ့သည်။
ရွှေတောင်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်သင်တန်းဖွင့်လှစ်
Dec 04,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်သင်တန်း ဖွင့်လှစ်ခဲ့သည်။
သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Dec 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Dec 04,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်လမ်းအန္တရာယ်နှင့် ပတ်သက်ပြီး သိရှိဆင်ခြင်နိုင်ရန် ရည်ရွယ်၍ ယာဉ်၊လမ်းအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ဝောာင်မုန်းမြောင်းမကြီးတွင် သစ်ပင်ကိုင်းကျိုးကျမှု ဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ခုတ်ထွင်ရှင်းလင်းပေး
Dec 04,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာနှင့် ကုလားကုန်းကျေးရွာကြားရှိ တောင်မုန်းမြောင်းမကြီးပေါ်တွင် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်က သစ်ပင်ကိုင်းကျိုးကျမှု ဖြစ်ပွားကြောင်း သိရ၍  မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ အန္တရာယ်ကင်းဝေးစေရန် သွားရောက်ကူညီ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) ဖွင့်လှစ်ပို့ချ
Dec 04,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါ မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။