ကန်ကြီးထောင့်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲကျင်းပ

ကန်ကြီးထောင့်     ဒီဇင်ဘာ       ၄

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြု လုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်၊ အဖွဲ့ဝင်(၂) ဦးလှမြင့်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးက သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်များအားရှင်း လင်းပြောကြားခဲ့သည်။ ထို့နောက်အရန်မီးသတ် တပ်သား သစ်ခန့်အပ် လွှာများကိုသက်ဆိုင်ရာတာဝန်ရှိသူများက တပ်သားများအား အသီးသီးပေးအပ်ခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်၊ အဖွဲ့ဝင်(၂) ဦးလှမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား (၅၀)ဦးတို့က တက်ရောက်ခဲ့ကြပြီး သင်တန်းကာလအား ဒီဇင်ဘာလ (၄)ရက်နေ့မှ (၂၉)ရက်နေ့အထိ သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)