ဒေးဒရဲမြို့ Community Centre ခန်းမ၌ အခြေခံသိုင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ
Dec 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် အခြေခံသိုင်းသင်တန်းအား ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်(၁၀)ခွဲက စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။