ကန်ကြီးထောင့် ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကအုပ်စု၊ ရိုးကြီးကျေးရွာရှိ အောင်သီဟဇော် ဆန်စက်(၂)တွင် Gasifier အသုံးပြု၍ ဆန်စက်လည်ပတ်နေမှုအခြေအနေများအား သိပ္ပံနှင့်နည်းပညာဒုဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီပွားရေးရာဝန်ကြီး ဦးတင်အေး၊ သယံဇာတဝန်ကြီး ဦးအုန်းမြင့်နှင့် အဖွဲတို့သည့် ယမန်နေ့နံနက် ၁၁ နာရီ အချိန်က လာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
သိပ္ပံနှင့်နည်းပညာဒုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက Gasifier အသုံးပြု၍ ဆန်စက်လည်ပတ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကန်ကြီးထောင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆန်စက်ပိုင်ရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)