မြို့နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၃)ကျင်းပ

မော်လိုက်     ဒီဇင်ဘာ     ၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအပါအဝင် ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်လျော့ချရေး မဟာဗျူဟာ (၂)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ  မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဉက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက အမှာစကားပြောကြားသည်။ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကျော်က မြို့နယ်အတွင်း  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တာဆီးကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်မှုခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ပြီးမြို့နယ်ဥပဒေအရာရှိ ဦးမြတ်သူရဇော်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အမူကိစ္စများကိုရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာသူများကလည်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်ဌာန ဆိုင်ရာများ၊ NGOအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြသည်။

 ခရိုင်(ပြန်/ဆက်)