သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲပြုလုပ်

သာစည် ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။   

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေးက ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီးပြိုင်ပွဲတွင် မောင်မောင်မိုးအောင် ရေးသားသော သွေးချင်းတို့၏ မြန်မာပြည်၊ ဆောင်းနေရောင်(အဖျောက်) ရေးသားသော သွေးစည်းညီညာ ပြည်မြန်မာ၊ ပိုင်ဆု(ပညာရေး) ရေးသားသော စောင့်ရှောက်သင့်ပေအမျိုးသားအမွေ ခေါင်းစဉ်သုံးမျိုးတို့ကို အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများနှင့် အမှတ်(၂)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်(ခွဲ) မီးရထားတို့မှ မူလတန်းအဆင့်ကျောင်းသား/သူ ၂၃ ဦး တို့က ယှဉ်ပြိုင်ရမည့် အမှတ်စဉ်နှင့်ခေါင်းစဉ်တို့ကို မဲနှိုက်ကြပြီး ကျရာခေါင်းစဉ်ဖြင့် ရွတ်ဆိုယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲမှ ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကို အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ပေးကြသော မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ စာရေးဆရာအောင်ပိုင်နှင့် စာရေးဆရာများ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)