ကျိုင်းတုံ ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်ရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ရှမ်းပြည်နယ်)မှ ကြီးမှူး ဖွင့်လှစ်သည့် ကျိုင်းတုံမြို့၌ အာခါဘာသာစာပေသင် TA/LT ဆရာ/ဆရာမ မွမ်းမံသင်တန်းဖွင့်လှစ်ခြင်းနှင့် အဘိဓာန်ပုံနှိပ်စာအုပ်ထုတ်ဝေခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အာခါတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရှမ်းပြည်နယ်)ရုံး၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်ရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (ရှမ်းပြည်နယ်)မှ လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးဇော်အောင်က ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့များအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အာခါတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရှမ်းပြည်နယ်) ဒုတိယဥက္ကဋ္ဌဦးဝင်းမြတ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား ၃၀ ဦး တက်ရောက်၍ ရက်သတ္တပတ်(၁)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အာခါအဘိဓာန်ပုံနှိပ်စာအုပ် ထုတ်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)