ဝမ်းတွင်း ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ပန်းချီ၊ ကဗျာပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်း (သဲတော)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက (၁၀၃)နှစ်မြောက် အမျိုးအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အထက်တန်းပြဆရာကြီး ဦးသန်းဆောင်က “အမျိုးသားနေ့ဒို့မမေ့” ခေါင်းစဥ်ဖြင့် အသိပညာဗဟုသုတရဖွယ် အမျိုးအောင်ပွဲနေ့ သိကောင်းစရာများကို ဟောပြောခဲ့သည်။ ဆက်လက်ပြီး (၁၀၃)နှစ်မြောက် အမျိုးအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများကို ကျင်းပခဲ့ရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ (၁၀၃) နှစ်မြောက် အမျိုးအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများသို့ အခြေခံပညာအထက်တန်းကျောင်း (သဲတော)မှ ထက်/လယ်/မူအဆင့် ကျောင်းသား/သူများက ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)