တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ

တန့်ယန်း ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီမှ စတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ထိုးနှံပေးနေသည်။

ထိုသို့ ဆောင်ရွက်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များကို စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသက်အရွယ်လိုက် ပိုလီယို၊ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ) စသည့် ကာကွယ်ဆေးများအား အသက်အရွယ်အပိုင်းအခြားအလိုက် တိုက်ကျွေးထိုးနှံပေးခြင်းအား ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)