ရပ်စောက်မြို့နယ် မြို့မဈေးသမဝါယမအသင်းမှ အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးများထုတ်ပေး

ရပ်စောက် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်မြို့နယ်တွင် မြို့မဈေးသမဝါယမအသင်းမှ အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါအသင်းရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့မဈေးသမဝါယမအသင်းမှ အသင်းသားများအား အစုပေါ်အမြတ်နှင့် စုဆောင်းငွေပေါ်အတိုး ထုတ်ပေးရာတွင် အသင်းသား(၅၃၂)ဦးတို့ကို အစုပေါ်အမြတ်ကျပ်(၂၄.၁၂)သိန်းနှင့် စုဆောင်းငွေပေါ် အတိုး ကျပ်(၁၉၂.၈၅)သိန်း၊ စုစုပေါင်းကျပ် (၂၁၆.၉၇)သိန်းကို ထုတ်ပေးခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန တာဝန်ခံထံမှ သိရှိရသည်။

ဆုမွန်(ပြန်/ဆက်)