မိုင်းခတ်မြို့၊ လူထုအ‌ခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးသင်တန်းဖွင့်လှစ်

မိုင်းခတ် ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် Gender Based Violence (GBV) အသိပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ဥပ‌ဒေအရာရှိ ဦးပြည့်ဖြိုးအောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ဥပဒေများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ သိကောင်းစရာများအကြောင်း၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု (GBV)အသိပညာပေးသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းအား ဆက်လက်ပို့ချကာ တက်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူများအား ကျား၊မအခြေပြု အကြမ်းဖက်မှုလက်ကမ်းစာစောင်များ ဖြန့်ဝေ၍ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် Gender Based Violence အသိပညာပေးသင်တန်းကို ၄.၁၂.၂၀၂၃ ရက်နေ့ (၁)ရက်တာဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အတွင်းမှ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)