ပြင်ဦးလွင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၄     

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉:၃၀) နာရီက ဆင်လမ်း (အ.ထ.က)ရှိ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ စာရေးဆရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဝါဝါလွင်မှ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊  ခရိုင်အားကစားမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်နိုင်ထူးက ဗလငါးတန် ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်  ဆွေးနွေးပြောကြားခြင်း၊  စာရေးဆရာ ကိုရွှေအောင်သင်းက အနာဂတ်ကို ပိုင်စိုးမည့်သူများ ခေါင်းစဉ်ဖြင့်  ဟောပြောဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး  ကျောင်းသား၊ ကျောင်းသူများက   ဟောပြောဆွေးနွေးချက်များအား   မိမိတို့ မှတ်သားနားလည်မှုအလိုက်  အသီးသီး ပြန်လည်ဆွေးနွေးတင်ပြကြ၍  စာရေးဆရာ ကိုရွှေအောင်သင်းက သုတရသစာအုပ်များအား ကျောင်းစာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များအား  ကြည့်ရှုမှတ်သားလေ့လာခဲ့ကြ

ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)