ရပ်စောက် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့ရှိ အ.ထ.က(၁) ကျောင်း၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်သော အထက်တန်းအဆင့် လူရည်ချွန်စာမေးပွဲကို အဆိုပါကျောင်း၌ ကျင်းပဖြေဆိုခဲ့သည်။
ပထမဦးစွာ ဖြေဆိုရန် ရောက်ရှိလာသော ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများကို အခန်းစောင့် ဆရာ၊ ဆရာများက ဖတ်ကြားပေးကာ စာမေးပွဲစတင်ဖြေဆိုခဲ့သည်။ ထိုစာမေးပွဲသို့ ရပ်စောက်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၇ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၂ ဦးတို့သည် အထွေထွေဗဟုသုတပြိုင်ပွဲနှင့် လူတွေ့မေးမြန်းဖြေဆိုခြင်းတို့တွင် ပါဝင်ဖြေဆိုခဲ့ကြကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခရိုင်(ပြန်ဆက်)