လှိုင်သာယာ(အရှေ့ပိုင်း) ဒီဇင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ၌ အမှတ်(၈)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်းခွဲ၊ လ(၁၇)၌ ဟောပြောပွဲကျင်းပပြုလုပ်သည်။
အဆိုပါဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ၊ လ(၁၇)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်စိုးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်၀င်းမူက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် ဗလငါးတန်နှင့်ပြည်စုံသည့် မျိုးချစ်စိတ်ရှိသောလူငယ်များ ပြုစုပျိုးထောင်ရေး အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအသိပညာပေး ဟောပြောပွဲသို့တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ စကားပုံဆက်ပြိုင်ပွဲများနှင့် ပြသထားသော စာအုပ်၊ စာစောင်များကို စိတ်၀င်စားစွာဖတ်ရှုကြပြီး အသိပညာပေးဆောင်ရွက်လျက်ရှိပါသည်။
ခင်၀င်းမူ ( ပြန်/ ဆက် )