ကျောက်တလုံးကြီးမြို့တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

ကျောက်တလုံးကြီး ဒီဇင်ဘာ ၆

ကျောက်တလုံးကြီးမြို့ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဒီဇင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ အမျိုးသားအောင်ပွဲနေ့ အကြောင်းအရာများကို သိရှိနိုင်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အ.လ.က (ခွဲ) နောင်ဟိုင်းကြီးနှင့် အ.မ.က၊ ထီပုန်းသို့ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်ပြပွဲများကို ဒီဇင်ဘာလ ၅ ရက် မွန်းလွဲ ၁ နာရီက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက အမျိုးသားအောင်ပွဲနေ့အကြောင်းသိမှတ်ဖွယ်ရာများ၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အသိပညာ ပေးဟောပြောပြီး ဝန်ထမ်းများက ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်သည်။

အဆိုပါ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြပွဲသို့ အ.လ.က(ခွဲ)နောင်ဟိုင်းကြီးမှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ ၈၀ ဦး အ.မ.က၊ ထီပုန်းမှ ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ ၆၅ ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ကျောင်းသူလူငယ်များအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်လှည့်လုပ်ငန်းများအပြင် အွန်လိုင်းမှတစ်ဆင့်  အသိပညာပေးလုပ်ငန်းများကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း