ပုံပါကျင်မြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ

ပုံပါကျင် ဒီဇင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ မွန်းလွဲ (၁)နာရီက အခြေခံပညာအထက်တန်းကျောင်း(ပုံပါကျင်)၌ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၃ ခုနှစ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၇-၁၁-၂၀၂၂)ရက်နေ့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း (၂၀-၁-၁၉၄၆)ရက်နေ့ ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၏ အမည်များ၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့၊ ကဗျာဆရာ ဘိုမျိုး(ရွှေဘို)ရေးသားသည့် အမျိုးသားနေ့ မမေ့အပ်ရာကဗျာနှင့် ပညာရေးမျှော်မှန်းချက် ဆောင်ပုဒ်များ စသည်တို့ပါရှိသည်။

ထိုသို့ လက်ကမ်းစာစောင်များကို ဖြန့်ဝေရာတွင် ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားရေးစိတ်ဓာတ်အမွေကို ဆက်လက်ခံယူ‌နိုင်‌စေရန်နှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိနိုင်စေရန်အတွက် ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(ပုံပါကျင်)မှ ကျောင်းသား‌၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အိအိဖြိုး(ပုံပါကျင်၊ ပြန်/ဆက်)