သတင်းများ

ကွမ်းခြံကုန်းမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ​ကွမ်းခြံကုန်းမြို့နယ်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ဇာတိမာန်ခန်းမတွင် ကျင်းပခဲ့သည်။
ပုဂံဂေါက်ကလပ်တွင် ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့်ဆုပေးပွဲကျင်းပ
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် လျှပ်တပြက်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပခြင်းကို ပုဂံဂေါက်ကလပ်တွင် ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်စတင်ပြီး ပုဂံဂေါက်ကလပ်တွင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုချီးမြှင့်ပွဲ ည ၇ နာရီအချိန် Regency Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧကရီခန်းမ၌ ယမန်နေ့နံနက်  ၁၀ နာရီအချိန်က    ကျင်းပခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပ ပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား တက်ရောက်
Dec 08,2023
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ လူမူဝန်ထမ်းဦးစီး ဌာနမှဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သာပေါင်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ကြက်သွန်ကွင်း)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လှေကြီးတတ်ကျေးရွာအုပ်စု၊ ကြက်သွန်ကွင်း ကျေးရွာ၊အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ကြက်သွန်ကွင်း)၌ ကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ်၌ ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Dec 08,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ၁၀၃ နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို အ.ထ.က(ပေါင်းတည်)ပညာရတနာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ထန်းတပင်မြို့နယ်၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 08,2023
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ အ.ထ.က(ထန်းတပင်) အ​ခြေခံပညာအထက်တန်း​ကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပခဲ့သည်။
လိပ်သိုမြို့၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှု စဉ်ဆက်မပြတ်ဆောင်ရွက်ပေး
Dec 08,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို တိုက်နယ်ကျန်းမာရေးဌာန၌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။