ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၈
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်၊ အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးကဖတ်ကြားသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူကလေးငယ်များက မြန်မာကျောင်းတေးသီးချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြုအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)