အ-ထ-က ကျောင်းလမ်းသွယ် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်
Dec 08,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ကွန်ဟိန်းမြို့အတွင်းရှိ လမ်းများကောင်းမွန်ရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာမှု လွယ်ကူစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုဖြင့် အမှတ် (၂) ရပ်ကွက်ရှိ စပ်စံထွန်းလမ်း၊ အ-ထ-က ကျောင်းသွယ်အား မြေလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။