သတင်းများ

ဝါးခယ်မမြို့နယ် Community Centre ခန်းမ၌ Book Club နှင့် Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Dec 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီခွဲအချိန်က စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) လူငယ်နှင့်ပညာဆိုင်ရာစာစု ရေးသားထားသည့် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ထိုမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ
Dec 08,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့ နံနက်(၇)နာရီတွင် ကျိုက်ထိုမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အမရပူရမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ အမရအောင်မြေခန်းမတွင်(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ
Dec 08,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အ-ထ-က(ပေါင်)ကျောင်း ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် (၂၀၂၃–၂၀၂၄)ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ပြုလုပ်
Dec 08,2023
နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသော ကျောင်းသား/လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၀၂၂–၂၀၂၃)ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က သရက်ချောင်းမြို့၊ ပန်းတောဘောလုံး ကွင်း၌ ပြုလုပ်ခဲ့သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 08,2023
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၆×၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးဦးအောင်မင်း၊ ဥပဒေချုပ်ဦးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်အေး၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးသက်လှိုင်ထွန်းတို့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အမျိုးသမီးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် သင်တန်းသူများ၊ ဧည့်သည်တော်များ၊ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မန္တလေးစွယ်တော်မြတ်စေတီ(၂၈) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတွင် မသိုးသင်္ကန်းရက်လုပ်ပွဲ၊ ဆီမီး ၉၀၀၀ထွန်းညှိပူဇော်ပွဲ၊ ဝတ်ရွတ်ပွဲနှင့်ဆွမ်းတော်ကြီး လောင်းလှူ ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီး၊ မန္တလေး-ရန်ကုန် လမ်းဟောင်းဘေးတွင် တည်ထား ကိုးကွယ်တော်မူထားသည့် မန္တလေးစွယ်တော်မြတ်စေတီ တော်ကြီးတွင် လာမည့်နတ်တော်လဆန်း ၃ ရက်နေ့ညတွင် ၂၈ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မသိုးသင်္ကန်းရက်လုပ်ပွဲ၊ ဆီးမီး၉၀၀၀ထွန်းညှိပူဇော်ပွဲနှင့် ဝတ်ရွတ်ပွဲ၊နတ်တော်လဆန်း ၄ ရက်နေ့တွင် ပင့်သံဃာတော်များအား ဆွမ်းတော်ကြီးလောင်းလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နံနက်ပိုင်းက အဆိုပါ ဘုရားပရဝုဏ် အတွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။