လိပ်သို ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို တိုက်နယ်ကျန်းမာရေးဌာန၌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များအား တိုက်နယ်ကျန်းမာရေးဌာနဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အရပ်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သန္ဓေသားမှန်မမှန်စစ်ဆေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် အသက် (၁) နှစ်ခွဲအောက်ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခင်လေးနွယ် (လိပ်သို)