သတင်းများ

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကျင်းပ
Dec 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း (ရန်ကုန်) တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။‌
သံတောင်ကြီးမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ
Dec 08,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ဆန်၊ စားအုန်းဆီ၊ အသား၊ငါး စားသောက်ကုန်ပစ္စည်းများ (ပထမ)အကြိမ်မြောက် ရောင်းချ
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် သက်သာသောစျေးနှုန်းကို ဆန်၊ စားအုန်းဆီ၊ အသား၊ ငါး၊ စားသောက်ကုန်ပစ္စည်းများ( ပထမ )အကြိမ်မြောက် စျေးနှုန်းသက်သာစွာ ရောင်းချပေးခြင်းကို မြစ်သားမြို့ မြို့မစျေးတောင်ဘက်ဝင်ပေါက်အနီးတွင် ယနေ့နံနက်(၇)နာရီမှ (၉)နာရီအချိန်ထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ)စိုက်ဧက ၁၁၀၀ အချိန်မီစိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး
Dec 08,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ) စိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း (၁၀)မြို့နယ်အသက်(၂၅)နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်    
Dec 08,2023
မွန်ပြည်နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် အားကစားနှင့်လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်/နည်းပြနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ ဖိတ်ကြားထားသူများတက်ရောက်သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန် အားကစားစွမ်းရည်ပြိုင်ပွဲကျင်းပ
Dec 08,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးပွဲကိုကျင်းပလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုအကြို လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပ
Dec 08,2023
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ပြည်) ခန်းမဆောင်၌ လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပပြုလုပ်သည်။
သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံစာ​​စောင်ပြပွဲကွင်းဆင်းဆောင်ရွက်
Dec 08,2023
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက်က သဲကုန်းမြို့နယ်၊ ရပ်ကွက်(၃)အခြေခံပညာမူလတန်းကျောင်း (ထန်းရင်း)၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။