ပြင်ဦးလွင်မြို့နယ်အတွင်း သမဝါယမလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး
Dec 08,2023
မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းဇော်ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်နှင့် ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်တို့ ပါဝင်သောအဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြို့နယ်သမဝါယမအသင်းစုနှင့် အခြေခံသမဝါယမအသင်းများသို့ သွားရောက်၍ သမဝါယမလုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှူစစ်ဆေးခဲ့ကြသည်။