ပုဂံဂေါက်ကလပ်တွင် ၁၀၃ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့်ဆုပေးပွဲကျင်းပ

ညောင်ဦး ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် လျှပ်တပြက်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပခြင်းကို ပုဂံဂေါက်ကလပ်တွင် ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်စတင်ပြီး ပုဂံဂေါက်ကလပ်တွင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုချီးမြှင့်ပွဲ ည ၇ နာရီအချိန် Regency Hotel  ၌ ကျင်းပခဲ့ကြောင်း သိရသည်။

(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် လျှက်တပြက် ဂေါက်သီးရိုက်ပြိုင်ပွဲကို ပုဂံ ဂေါက်ကလပ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အသင်းဝင်အားကစားသမားတိုးပွားလာစေရန်၊ ဂေါက်သီးအားကစားဖြင့် နိုင်ငံတကာပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်နှင့် မျိုးဆက်သစ်ဂေါက်သီးအားကစားသမားများ ပေါ်ပေါက်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး ဂေါက်သီးအားကစားအတွေ့အကြုံများ ပြန်လည်မျှဝေနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် လျှက်တပြက် ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နှင့် ပုဂံမြို့တို့မှ ဂေါက်သီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ ဆုပေးပွဲအခမ်းအနားကို ညောင်ဦးမြို့နယ် Regency Hotel  ၌ ညနေ ၆ နာရီအချိန်တွင်ကျင်းပခဲ့ပြီး ဆုရရှိသူများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ပုဂံဂေါက်ကလပ်နာယကတို့မှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း