တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြိုင်ပွဲများ ကျင်းပ
Dec 09,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာကြည့်တိုက်သို့ ပျော်ရွှင်စွာ ဝင်ထွက်သွားလာနိုင်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။