သတင်းများ

တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ
Dec 09,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ သင်တန်းသူများ သိရှိနားလည်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီက အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ် စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 09,2023
ကရင်ပြည်နယ်သည် စိုက်ပျိုးရေးကိုအခြေခံသည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ စားရေရိက္ခာ ဖူလုံ၍ ပိုလျှံအောင်ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များ တင်ပို့ရောင်းချနိုင်ရန်အတွက် ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ် စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။
မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ဒွန်းနွဲ့ကျေးရွာ၌ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဟောပြော
Dec 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒွန်းနွဲ့နှင့် တာပေါက်ကျေးရွာတို့မှ ပြည်သူများအား စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက မိုင်းယောင်း မြို့နယ်၊ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) သို့တက်ရောက်
Dec 09,2023
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃)ကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် သံဃာ့ဆေးရုံသစ် တည်ဆောက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း၍ အလှူငွေ ပေးအပ်
Dec 09,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ပြည်သူ့ဆေးရုံဝင်းအတွင်း အသစ်တည်ဆောက်မည့် သံဃာ့ဆေးရုံအတွက် လုပ်ငန်းညှိနှိုင်း၍ အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
သံတွဲမြို့၌အမျိုးသမီးများအကြမ်းဖက်မှုဆန့်ကျင်သည့်(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ
Dec 09,2023
သံတွဲမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အကြမ်းဖက်မှု ဆန့်ကျင်သည့် (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက သံတွဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။
မြောင်းမြမြို့ အ.ထ.က (၇) ကွယ်လွယ်ကျောင်း‌၌ လူငယ်စကားဝိုင်းနှင့် ဟော‌ပြောပွဲ ကျင်းပ
Dec 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အ.ထ.က(၇) ကွယ်လွယ်‌ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန် ပြည့်စုံစေရေး၊ အသိပညာ ဗဟုသုတ တိုးပွားစေရေး၊ နှုတ်မှုစွမ်းရည် ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာ စကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ညောင်လေးပင်မြို့နယ်တွင် ကောက်ရိတ်စက် (Auto Fire)ဖြင့် စပါးရိတ်သိမ်းခြင်း သရုပ်ပြ ဆောင်ရွက်
Dec 09,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ် (မြေအောက်ရေ) အသုံးပြု၍ ၂၀၂၃-၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သော စံကွက်ရိတ်သိမ်းခြင်းကို စက်မှုလယ်ယာဦးစီးဌာနနှင့် ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီက (Auto Fire) စက်ဖြင့် ရိတ်သိမ်း၍  ဆောင်ရွက်ခဲ့သည်။