တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြိုင်ပွဲများ ကျင်းပ

တိုက်ကြီး ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်၊ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာကြည့်တိုက်သို့ ပျော်ရွှင်စွာ ဝင်ထွက်သွားလာနိုင်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲများ ကျင်းပရာတွင် အခြေခံပညာ မူလတန်းလွန်ကျောင်း အမှတ် (၇)မှ ကျောင်းသားကျောင်းသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲတို့တွင် စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသူ ကျောင်းသား/ကျောင်းသူများအားတာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်သည်။

တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် ပြိုင်ပွဲများကို လစဥ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)