သာပေါင်း ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိ့နှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ဘုရားကုန်းကျေးရွာအုပ်စု၊ ဂရက်ရှည်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာနေပြည်သူ(၂၉၅)ဦးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အတွင်းရေးမှူး ရဲမှူးလှဝင်းနှင့် ဌာနဆိုင်ရာများက တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများ လုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကျေးရွာအုပ်စုပြည်သူ့ လုံခြုံရေးကြီးကြပ်အဖွဲ့ ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ် ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ် စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ် ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ ထော်လာဂျီနှင့် လယ်ယာသုံးယာဉ်များ မှတ်ပုံတင်ပြုလုပ်ရေး၊ စနေနေ့တိုင်း နေအိမ်အလိုက် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရန် ဝမ်းပျက်ဝမ်းလျှော ရောဂါကွယ်ရေး ဆောင်ရွက်ရန်၊ တစ်ဧက (၁၀) တင်းနှုန်း ပိုမိုထွက်ရှိရေး ဆောင်ရွက်ရန်၊ အယ်လ်နီညို ဖြစ်စဥ်ကြောင့် ရေပြတ်လပ်မှု ရှိနိုင်သဖြင့် သောက်သုံးရေ စုဆောင်းရန်၊ ရေလှောင်ကန်များ ပြုပြင်ရေသိုလှောင်ရန်၊ စိုက်ပျိုးရေအတွက် ချောင်း၊ မြောင်း၊ ရေကန်များ ချောင်းမြောင်း ပိတ်ဆို့မနေရေး ဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)အား ၂၀၂၄ ခုနှစ်တွင် ဧကပြည့် စိုက်ပျိုးရေး ကြိုတင်ဆောင်ရွက်ရန်၊ ရိုးပြတ်ကျန်ဧကများ မရှိရေး သီးထပ်စိုက်ပျိုးရန်၊ ဆောင်းနေကြာ လျာထား ဧက ပြည့်မီစွာ စိုက်ပျိုးရေးဆောင်ရွက်ရန်၊ ဆောင်းသီးနှံ နိုင်ငံ့စီးပွားမြင့်တင်ရန်ပုံငွေ သွင်းအားစု ရယူရေး၊ တစ်နိုင်တစ်ပိုင် ကြက်/ဘဲ/ဝက်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာ ဌာနများမှ ပြန်လည်ဆွေးနွေး ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)