ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ခြင်း ပြိုင်ပွဲများ ကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ခြင်း ပြိုင်ပွဲများကို ယနေ့နံနက် (၈:၃၀)မိနစ် အချ်န်မှ စတင်ကာ  မြို့နယ်အားကစားကွင်း အတွင်း၌ ကျင်းပြုလုပ်ခဲ့သည်။

မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခြင်းပြိုင်ပွဲများ ကျင်းပရခြင်းနှင့် ပတ်သက်၍ ဆရာဦးမြင့်နိုင်က   ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကိုယ်ကာယကြံ့ခိုင်မှု (၅)မျိုး စစ်ဆေးခြင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ကိုယ်ကာယ ကြံ့ခိုင်မှု(၅)မျိုးကို စစ်ဆေးရာတွင် မီတာ (၁၀၀) အပြေး ကျား/မ၊ လက်ထောက်တွန်းတင် ကျား/မ၊ ရပ်ခုန်ကျား/မ၊ အိပ်ထ-မတင်ကျား/မ၊ မီတာ ၄၀၀ အပြေး{} မီတာ ၈၀၀ အပြေး {ကျား}စသည့် ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ  (၉၀)ဦးက ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်