လင်းခေး ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)၏ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉နာရီခွဲက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမြင့်က စာဖတ်ဝိုင်းဆောင်ရွက်ရ ခြင်း၏ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း အမှာစကား ပြောကြားပေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာ သည့်BookClubအသင်းဝင်များက စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံး သောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်၍ တစ်ဦးချင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးခဲ့ကြရာတွင် ဆရာဒေါက်တာခင်မောင်ညို၏ စာအုပ်ပါ အကြောင်းအရာများမှ မောင်ဇော်ထက်(ဧကဒသမတန်း)က “ပညာရေးအစ၊ စာအုပ်များဖြင့် အစပြုပါ” ခေါင်းစဥ်ဖြင့် ပညာရေးကို ကျောင်းသားနှင့်မိဘကြား အမြင်ကို သေချာဆွေးနွေးစေချင်ပါကြောင်း၊ ပိုက်ဆံမကုန်ဘဲ ကမ္ဘာပတ်ချင်ရင် စာအုပ်ဖတ်သင့်ကြောင်း၊ မိဘဆရာပူးပေါင်း၍ ကလေးပညာရေးကောင်း၊ နိုင်ငံ့သားကောင်း ရတနာသမီးကောင်း ရတနာများ ဖြစ်စေချင်ပါကြောင်း ဆွေးနွေးပေးခြင်း၊ ဆက်လက်၍ နဝမတန်းမှ မောင်ပြည့်ဖြိုးကျော်က “လူသားတွေရဲ့စွမ်းဆောင်မှု” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ နဝမတန်းမှ မောင်ဖိုးချိုက “မှားမှာကို မကြောက်ပါနဲ့” ခေါင်းစဥ်ဖြင့် တစ်ဦးချင်းအလိုက် အသီးသီးဆွေး နွေးခဲ့ကြပြီး စာဖတ်ဝိုင်းအား ရုတ်သိမ်းလိုက်သည်။
စာဖတ်ဝိုင်းသို့ လင်းခေးမြို့ရှိစာ အုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)မှ အသင်းဝင် ၂၂ ဦး၊ ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)