ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ပတ်အတွင်း ပြည်ပနိုင်ငံသား ၂၃၂ ဦး ဝင်ရောက်

ညောင်ဦး ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်မှု များပြားလျက်ရှိရာ ဒီဇင်ဘာ ပထမပတ် အတွင်း ပြည်ပနိုင်ငံသားခရီးသွားဝင်ရောက်မှု များပြားလာနေပြီဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွားများအမြဲလာရောက် လည်ပတ်လျက်ရှိရာ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် နေ့ချင်းပြန် ခရီးသွား ဘုရားဖူးများ လာရောက်လည်ပတ်မှု များပြားလျက်ရှိပြီး ဒီဇင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၇ ရက် အထိ ပြည်ပနိုင်ငံသားခရီးသွားများ ၂၃၂ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားစေတီ ပုထိုး၊ သာသနိက အဆောက်အအုံ ၃၈၂၂ ဆူရှိနေပြီး ရှေးဟောင်းနံရံဆေးရေးပန်းချီရှိသည့်ဘုရားများ၊ တည်ဆောက်ပုံမတူညီသည့် ဘုရားအစုအဝေး များကိုလည်း လေ့လာလိုသည့် ပြည်တွင်း ပြည်ပ နိုင်ငံသားများအား လာရောက်လေ့လာရန် ဆွဲဆောင်နေကြောင်း၊ ပုဂံရှေးဟောင်းနယ် မြေအတွင်း နေထွက်၊ နေဝင်ကြည့်ရှုနိုင်ရန် တောင်းကုန်းတုများ ဖန်တီးပေးထားပြီး၊ ငှက်ဝါသနာရှင်များ ရှားပါးငှက်များ ကြည့်ရှုနိုင်ကြောင်းလည်း သိရသည်။

ဒီပါလင်း