မိတ္ထီလာ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကျင်းပသော ၂ဝ၂၃ ခုနှစ် စာဆိုတော်နေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ် ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများ မကျင်းပမီ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာမြင့် မားအောင်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြိုင်ပွဲများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက် တန်းကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသူကျောင်းသား ပြိုင်ပွဲဝင်စုစုပေါင်း ၃၁ ဦးပါဝင်ယှဉ်ပြိုင် ကြသည်။ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်း၍ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကို ဒီဇင်ဘာ ၈ ရက်နေ့မှ ၉ရက်နေ့အထိ ကျင်းပခြင်း ဖြစ်ရာ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူများအား ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အထက(၂)၌ ကျင်းပမည့် စာဆိုတော်နေ့အထိမ်းအမှတ် အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ