သတင်းများ

ကျောက်ဆည်မြို့၌ (၇၉) ကြိမ်မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာရေးဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 10,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာများပူးပေါင်းပြီး ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာရေးဆရာကြီး၊ ဆရာဆရာမကြီးများအား ပူဇော်ကန်တော့ပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃)ဖွင့်လှစ်
Dec 10,2023
ပဲခူးတိုင်း‌‌ဒေသကြီး ပြည်မြို့နယ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်)၌ ယမန်နေ့က စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၂)ရဲလေ့ကျင့်ရေးကျောင်း (ဝက်ထီးကန်)မှ ဒုတိယကျောင်းအုပ်ကြီး၊ မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုဥက္ကဋ္ဌ၊ ဖိတ်ကြားထားသော ပြည်ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်း သား ၂၀ ဦး တက်ရောက်သည်။
မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Dec 10,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့ကတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့တွင် ရွှေကျင်နိကာယဝိနည်းစာပြန်ပွဲနှင့် ရာပြည့်အထိမ်းအမှတ် စာစောင်ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 10,2023
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မဟာဂန္ဓာရုံပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့မွန်းလွဲ (၂)နာရီက ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦးမြို့နယ်များ၏ ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနည်းစာပြန်ပွဲနှင့် ရာပြည့်အထိမ်းအမှတ်စာစောင် အောင်မြင်စွာထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျောက်ဆည်မြို့ မဟာဂန္ဓာရုံကျောင်းတွင် ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တစန္တိမာ (ရွှေကျင်) ဆရာတော်နှင့် အဖွဲ့ဝင်သံဃာတော်များ၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးငွေဒိုးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲများ စတင်ကျင်းပ
Dec 10,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများကို မြိတ်စာဖြေဌာနအဖြစ် မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနဗိမာန်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပလျက်ရှိရာ သီလရှင်နှင့် လူပုဂ္ဂိုလ်များက အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာဂုဏ်ထူးဆောင် စာမေးပွဲများကို စတင်ဖြေဆိုလျက်ရှိကြသည်။
နမ့်စန်တွင် ကျောင်းသား/ကျောင်းသူများကို မြန်မာ့သိုင်းအခြေခံသင်တန်းဖွင့်လှစ်သင်ကြား
Dec 10,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းအခြေခံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းဆောင်ရွက်
Dec 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံခိုင်မှုစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အားကစားကွင်းတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ငါးလုပ်ငန်းသိပ္ပံ (တွံတေး)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒီပလိုမာပထမနှစ်နှင့် ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
Dec 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲအောက်ရှိ ငါးလုပ်ငန်းသိပ္ပံ (တွံတေး)တွင် ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေး ဒီပလိုမာ ပထမနှစ်နှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဇီးဖြူကုန်းကျေးရွာ၊ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သင်တန်းကျောင်းခန်းမ၌ ဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။