ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းဆောင်ရွက်

ခရမ်း ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံခိုင်မှုစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အားကစားကွင်းတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရမ်းမြို့နယ်ပညာရေးမှူး ဒေါ်အေကသစ်က လူရည်ချွန် ကျောင်းသား/ကျောင်းသူများ ရွေးချယ်ရေး အတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်း လမ်းညွှန်တို့နှင့်အညီ တာဝန်ရှိသူကော်မတီအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက် ပေးပြီး အဆိုပါ လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ(မြို့နယ်အဆင့်)ကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်း မီတာ(၁၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀)၊ ရပ်လျက် အလျားခုန်၊ အိပ်ထမတင်၊ ဒိုက်ထိုး အစရှိသည့် ကိုယ်ကာယဆန်းစစ်ချက်(၅)မျိုးနှင့် စုပေါင်းပြီးမှာ  လူတွေ့နုတ်ဖြေစစ်ဆေးခြင်းတို့ကို ဒီဇင်ဘာလ (၅)ရက်နေ့မှ ဒီဇင်ဘာလ (၈)ရက်နေ့အထိ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ (မြို့နယ်အဆင့်)တွင် ကျောင်းသား/ကျောင်းသူ (၁၀၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကိုမင်း(ခရမ်း)