မိုင်းယောင်း ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့ကတာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန် ပြည်သူများနှင့်တွေ့ဆုံပြီး ပြည်သူများ၏လိုအပ်ချက်နှင့် တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးသည် ဒွန်းနွဲ့ကျေးလက်ကျန်းမာရေးဌာနခွဲ ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ဒွန်းနွဲ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုပြီးလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက် ဦးစိုင်းကျော်ထွန်းဦးမှ ၀ ဒသမ ၀၈၂ ဧကအား လူနေထိုင်ရန် မြေငှားဂရန် လျှောက်ထားခြင်းကိုလည်းကောင်း၊ ဝမ်ဇလီလော်ကျေးရွာ မြေဧရိယာအကျယ်အဝန်း ၂၇ ဒသမ ၃၇ ဧကခန့်အား ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများ ဆောက်လုပ်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၄၊ ပုဒ်မ ၅ နှင့် နည်းဥပဒေခွဲ(က)အရ မြေလွတ်မြေလပ်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသို့ အစိုးရကခွင့်ပြုသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်လွှာပုံစံ(၄)ဖြင့် လျှောက်ထားလာမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)