ကျောက်ဆည်မြို့၌ (၇၉) ကြိမ်မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာရေးဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာရေးဆရာများပူးပေါင်းပြီး ယမန်နေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာရေးဆရာကြီး၊ ဆရာဆရာမကြီးများအား ပူဇော်ကန်တော့ပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော် (ကာတွန်းဖောင်းဖောင်း)က သက်ကြီးစာရေးဆရာကြီး၊ ဆရာမကြီးများ ပူဇော်ကန်တော့ပွဲ ကျင်းပြုလုပ်ရခြင်းနှင့် မြို့နယ် စာရေးဆရာအသင်း၏ လုပ်ဆောင်နေမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး အသင်းဝင်များနှင့်အတူ အသက် (၇၅)နှစ်မြောက် သက်ကြီးစာရေးဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ငွေများဖြင့်ကန်တော့ကြရာ ကန့်တော့ခံစာရေးဆရာကြီး ဦးကျော်ဝင်းနိုင် (စာရေးဆရာ မွန်ဇူး)နှင့် ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများက မုဓိတာစကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော် (ကာတွန်း ဖောင်းဖာင်း)က ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပြုလုပ်သွားမည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ရှင်းလင်းဆွေးနွေးရာ စာရေးဆရာ အသင်းဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)